Friday, May 20, 2011

MCPA အသိအမှတ်ပြု စာမေးပွဲများ

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုနည်းပညာ ဘာသာရပ် ဆိုင်ရာ စာမေးပွဲများကို လာမည့် ဇွန်လ အတွင်းကျင်းပသွားမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ အိုင်စီတီ နယ်ပယ်များတွင် အသိအမှတ်ပြုကျွမ်းကျင်သူအဖြစ် ၀င်ရောက် လုပ်ကိုင်နိုင်ကြရန်အတွက် စစ်ဆေးပေးသည့်နည်းပညာ စာမေးပွဲတစ်ခုဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စာမေးပွဲ အမျိုးအစားများမှာ MCPA Certified Fundamental Software Engineer (FSE)နှင့် MCPA Certified Network Associate (NA) တို့ဖြစ်သည်။
MCPA စာမေးပွဲများကို 2011 ခုနှစ် ဇွန်လ 19 ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပ မည့်အချိန်မှာ နံနက် 9 နာရီမှ နေ့လည် 12 နာရီထိ ဖြစ်သည်။
အဆိုပါ နည်းပညာစာမေးပွဲကို ဖြေဆိုလိုသူများ အနေဖြင့်လာမည့် ဇွန်လ 15 ရက်တွင် နောက်ဆုံးစာရင်းပေးသွင်းနိုင်မည် ဖြစ် ပြီး စာမေးပွဲကြေး ငါးထောင်ကျပ် ကိုလည်း ပေးသွင်းရမည်ဟု သိရသည်။
နှစ်စဉ် စစ်ဆေးပေးနေသည့် MCPA အသိအမှတ်ပြု စာမေးပွဲများကို ရန်ကုန် ၊ မန္တလေး နှင့် ဧရာဝတီ ၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့ တွင်ဖြေဆိုနိုင်မည် ဖြစ်သည်။

No comments:

Post a Comment