Friday, May 20, 2011

သားကောင်းတမန်၏ ဂုဏ်ရည်

၁။ ရိုးသားဖြောင့်မတ် တည်ကြည်သော စိတ်သဘောထားရှိရမည်။

၂။ အပေါ်ယံ ဟန်ဆောင်မှု့ ကင်းပြီး ပကတိဖြူစင်သော စိတ်ထားဖြင့် လူတကာကို ဆက်ဆံတတ်ရမည်။

၃။သပ်ရပ်သော ၀တ်စားဆင်ယင်မှု့၊ လိမ္မာယဉ်ကျေး၍ မြို့ကြီးသား ပီသသော အမူအရာနှင့် သိမ်မွေ့ပျူငှာသော ပြောဆိုဆက်ဆံမှု့ရှိရမည်။

၎။ တမဟုတ်ခြင်း ဒေါသထွက်ခြင်း ၊ စိတ်ဆိုးမန်ဆိုးဖြင့် တုန့်ပြန်ခြင်းတို့ကို ရှေင်ရှားနိုင်ရမည်။
၅။ မာန်မာန ထောင်လွှားမှုကင်းရမည်။

၆။ ယဉ်ကျေးသော အသုံးအနှုန်းနှင့် စကားပရိယာယ် ကြွယ်ရမည်။

၇။ တစ်ဖက်သား၏ အခြေခံရပ်တည်ချက်နှင့် အတွင်းသားစိတ်ဓါတ်ကို သိရှိအကဲ ခတ်နိုင်သည့် အကင်းပါးမှု့ ရှိရမည်။

၈။ စကားပြောဆိုရာတွင် ‘ငါ့စကား နွားရ’ ဟူသောသဘောဖြင့် စကားနိုင်ပြောဆိုမှုကိုရှောင်ကြဉ်ရမည်။

၉။ ဗဟုသုတ အကြားအမြင် နှင့်ပြည့်စုံရမည်။

၁၀။ Debating skills နှင့် ပြည့်စုံရမည်။

၁၁။ တူညီသောအခြေခံရပ်တည်ချက်တစ်ရပ်ကို ရှာဖွေတည်ရှိပြီး ထိုမှတဆင့် ကွာဟချက်များ တစ်ဖြေးဖြေး ကျဉ်းမြောင်းယူသော သံတမန်ရေးရာ နည်းနာကို ကျွမ်းကျင်ရမည်။

၁၂။ အလွန်အကျွံ မူးယစ်သောက်စားခြင်းနှင့် အဆင့်အတန်းမှီစွာ ဧည့်ဝတ်ကျေပွန်မှု ရှိရမည်။

၁၃။ ယဉ်ကျေးသိမ်မွေ့စွာနှင့် အဆင့်အတန်းမှီစွာ ဧည့်ဝတ်ကျေပွန်မှု့ ရှိရမည်။

၁၄။ ဘာသာစကား၌ ကျွမ်းကျင်လိမ္မာ ရမည်။

၁၅။ အစဉ်သတိ ၊ ၀ီရိယ နှင့်လုံ့လရှိရမည်။

၁၆။ ၀င်ဆန့်သင့်သည့် အသိုက်အ၀န်းတွင် ၀င်ဆန့်နိုင်ရန် အစဉ်ကြိုးစားရမည်။

၁၇။ မိမိနိုင်ငံအပေါ် အထင်အမြင်သေးသိမ်စေနိုင်သည့် ပြောဆိုဆက်ဆံမှု့ ၊ ၀တ်စားဆင်ယင်မှု့ ၊ တည်ခင်းဧည့်ခံမှု့ ၊ နေထိုင်ခင်းကျင်းမှု့တို့ကို အစဉ်ရှောင်ရှားပြီး နိုင်ငံကြီးသားပီသစွာ နိုင်ငံတော်၏ ဂုဏ်နှင့်လျော်ညီစွာ ပြောဆိုဆက်ဆံခြင်း ၊ ၀တ်စားဆင်ယင်ခြင်း ၊ ပရိဘောဂခင်းကျင်းခြင်း ၊ ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ရပါမည်။

၁၈။ နိုင်ငံတော်အပေါ်အစဉ် အမြဲသစ္စာစောင့် သိရပါမည်။

No comments:

Post a Comment