များပြားလှသော IP Address များကို Internet ဖြင့် ချိတ်ဆက်အသုံးပြုသောအခါ မှားယွင်းမှု မရှိစေရန် အောက်ပါအတိုင်း Class များဖြင့် ခွဲခြားထားပါတယ်။Ip Address များရဲ့  ပထမဆုံး အတွဲ (First Octet ) ကိုမူတည်ပြီး အောက်ပါဖယားအတိုင်း ခွဲခြားပေးထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရဲ့  Ip address သည် 203.xxx.xxx.xxx ဖြစ်သောကြောင့် Class C တွင်ပါဝင်သည်ဟုဆိုနိုင်ပါတယ်။ အထက်ပါ IP များသည် နိုင်ငံများနှင့်  ISP (Internet Service Provider ) များအတွက် ခွဲဝေ သတ်မှတ်ထားသော Registered Ip များဖြစ်ကြပါတယ်။မိမိ ကိုယ်ပိုင် Private Network များအတွက် အောက်ပါ Ip များကို လွတ်လပ်စွာ အသုံးပြုနိုင် ရန်လည်း သတ်မှတ်ပေးထားပါတယ်။
ထို့ ကြောင့် ကျနော် တို့ ကိုယ်ပိုင်နက်ဝပ် (Private Nwtwork ) များတည်ဆောက်ရာတွင် အထက်ပါ Class A ,B ,C ထဲမှကြိုက်ရာအသုံးပြုနိုင်ပါတယ်။သို့ သော် ထို IP များကို Internet Browser များတွင် ခေါ်မရပါ ။ ထို IP များသည် Internet တွင် Route မလုပ်ပေးပါ။
ထို့ အတူ 127.0.0.1 သည် မိမိရဲ့ Local Ip ဖြစ်သဖြင့် run တွင် ping 127.0.0.1 ဟုရိုက်ခြင်းဖြင့်  မိမိ ကွန်ပြုရှိ Network Card ကောင်းမကောင်း စစ်ဆေးရန်အသုံးပြုနိုင်ပါတယ်။
Class A မှာဆိုရင် Host (Computers or Devices ) ပေါင်း ၁၆ သန်းကျော်လောက် ချိတ်ဆက်နိုင်ပါတယ်။
Class B မှာဆိုရင် Host (Computers or Devices ) ပေါင်း ၆ သောင်း လောက်ချိတ်ဆက်နိုင်ပါတယ်။
Class C မှာဆိုရင် Host (Computers or Devices ) ပေါင်း 254 လုံးဘဲ ချိတ်ဆက်နိုင်ပါတယ်။
ဒီလိုဗျာ ကျနော်တို့ အပိုင်း ၄ ပိုင်းနဲ့ သတ်မှတ်ထားတယ်ဗျာ ၁ပိုင်း 255.255.255.255 ( 255 စီရှိတယ် ) ပေါ့...။
Class A က ပထမ ၁ ပိုင်းထဲက Network ကျန် ၃ ပိုင်းက Host
Class B က ပထမ ၂ ပိုင်း က Network ကျန် ၂ ပိုင်းက Host
Class C က ပထမ ၃ ပိုင်းက Network ကျန် ၁ ပိုင်း က Host
အဲ့ဒါကို ကျနော်တို့ က Subnet Mask နဲ့ ထပ်သတ်မှတ်ပေးလိုက်တယ်ပေါ့ဗျာ ..
ကျနော် အလွယ်ဆုံး ၁ ခုပြောမယ်ဗျာ ... ကျနော်က Class C နဲ့ Network ၁ ခု ဆောက်မယ်ပေါ့ (254) လုံးအထိချိတ်နိုင်တယ်ပေါ့ဗျာ ..။
ကွန်ပြူတာ ၁၄ လုံးကိုဘဲချိတ်မယ် .. ဟုတ်ပီ .. ကဲ Ip တွေကို ဘယ်လို ပေးမလဲ ... Subnet တွေကိုဘယ်လိုချမလဲ ။
Ip Address Range က 192.168.0.1 ကနေ 192.168.0.15 အထိပေါ့ဗျာ
ှအဲ့တော့ Subnet Mask က 255.255.255.xxx ( နောက်ဆုံး Octet မှာ 0 နဲ့ 255 ကိုဖယ်ထားရပါမယ် ) အဲ့တော့  254-14 (ကွန်ပြူတာ ၁၄ လုံး) = 240 ရပါမယ်။
အဲ့တော့  192.168.0.1 - 192.168.0.15 >>>> 255.255.255.240 အဲ့လိုဖြစ်ပါမယ်။
http://www.subnet-calculator.com/ မှာလည်း Auto တွက်ခိုင်းလို့ ရပါတယ်။
အဓိကဆိုလိုချင်တာက မိမိနက်ဝပ်မှာ Host ဘယ်လောက်ချိတ်ဆက် ချင်လဲ ဆိုတဲ့ အပေါ်မူတည်ပြီး Subnet တွေကိုပေးရတာဖြစ်ပါတယ်... အောက်ကဇယား လေးကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။
8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet ဟုခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။
သတိပြုရမည်မှာ 0 နဲ့ 255 ကိုပိုတွက်ထားပေးရန်ဖြစ်ပါတယ် ...။
credit by ကိုနေ
No comments:
Post a Comment