Thursday, May 19, 2011

Intro to Linux

Linux
Linux ဘယ်အချိန်က စခဲ့ပါသလဲ။ unix ကနေစတင်ခဲ့တယ်လို့.ပြောကြပါတယ်..unix ရဲ့ 90% သော coding တွေဟာ C language ကနေအခြေခံထားပါတယ်တဲ့။ Unix ကို open source
အဖြစ် စတင်အသုံးမပြုခင်မှာတော့ သူ့ကို စတင်ရမ်းခဲ့တာက server platform တွေမှာလို့..ပြောကြပါတယ်..ဒါပေမယ့်..နောက်ပိုင်းတွေမှာတော့..assembly language(machine language)တွေကို
C Language တွေနဲ့ပြန် recode လုပ်တဲ့အချိန်မှာ Unix ဆိုတာကိုတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။Unix OS ရဲ့ BSD ဗားရှင်းနဲ့ AT & T က developed လုပ်ခဲ့တဲ့.System V တို့ကို အခြေခံပြီး
Unix Operation System ဆိုတာကိုစတင် ခဲ့ပါတယ်..ဒါကတော့ ..ကျွန်တော်နားလည်တဲ့ Unix ရဲ့အစပါ..အမှားရှိရင်လည်းပြန်ပြင်ပေးနိုင်ကြပါ။။ခင်ဗျာ။။
1984
ခုနှစ်မှာ MR.Richard Stallman ဆိုတဲ့ researcher ဟာ MIT AI LAB ထဲမှာ GNU ဆိုတဲ့ Project တစ်ခုကို စတင်ခဲ့ပါတယ်..အဲဒါကတော့ open source ဖြစ်လာမယ့် concept လေးပါဘဲ....
1987
ခုနှစ်ခုနှစ်မှာတော့..Professor Andrew S ဆိုတဲ့ ပုဂ္ဂိုလ်က MInix ဆိုတဲ့ ကိုယ်ပွားClone တစ်ခု (Open-source Operation System) ကိုစတင်ခဲ့ပါတယ်။အဲ့ဒီ့နောက်ပိုင်းမှာတော့.. 1991 ခုနှစ်မှာ
Mr.Linus Torvalds (1969 ခုနှစ်ဖွား) ထပ်မံပြီး Linux open source codeကိုရေးသားခဲ့ပါတယ်..နောက်ပိုင်းမှာတော့.အခုကျွန်တော်တို့ တွေစတင်သုံးစွဲကြတော့မယ့်..Linux Operation System ဖြစ်
လာမယ့်.ဟာပါဘဲ..Linux ကို Distribute လုပ်ခဲ့တာကတော့
-Caldera Open Linux
-Debain Linux Distribution
-Red Hat Linux
-Trans-Ameritech Linuxware
-Slack Ware
-S.u.S.E
-Linux GT
-Fedora
-Ubuntu တို့ကို DIstribute လုပ်ခဲ့ပါတယ်.။

WHY USE LINUX?
ဘာကြောင့် Linux ကိုသုံးသင့်သလည်း ? ။ ဘာအတွက်သုံးရသလည်း ? ။။
ဟုတ်ကဲ့.ဒါကလည်း ကျွန်တော်သိတဲ့ concept ကိုထပ်မံ ဆွေးနွေးပါ့မယ်...
Linux ကို များလှစွာသော survay computer အသုံးပြုသူတွေဟာ ဆယ်စုနှစ်တစ်ခုမက အစားထိုးသုံးစွဲလာကြပါတယ်..နောင်နှစ် နှစ် အလွန်တွေမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ။
အဖွဲ့အစည်းတွေ။ ကောလိပ်။ကျောင်း ။ငှာနဆိုင်ရာတွေ မှာ Linux ကို ပိုမိုလက်ခံ နေရာပေး သုံးစွဲလာခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့.. Linux် ဟာ IT နယ်ပယ် နှင့် IS နယ်ပယ် တွေမှာ လုံခြုံရေးနှင့်
ငွေရေး ကြေးရေး အရ သုံးစွဲလာကြပါတယ်။ Linux ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ထပ်မံရှင်းပြပေးပါ့မယ်ခင်ဗျာ။

***** ပထမဆုံး ၀င်းဒိုးကိုပြောမယ်ဆိုရရင် ကျွန်တော်တို့တွေ အခုလက်ရှိ သုံးနေကြတဲ့ ၀င်းဒိုး ဗားရှင်းတွေဟာ ခရက် ဗားရှင်းတွေကိုသုံးစွဲ နေကြရပါတယ်။တစ်ကယ်တမ်း ၀ယ်ယူသုံးစွဲမယ်ဆို ငွေကြေးအရ
ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ အခြေအနေအရ ဈေးကြီးနေပါတယ်။ဝင်းဒိုး ဆာဗာ ဗားရှင်းတွေ ကို ၀ယ်ယူသုံးစွဲမယ်ဆိုရင်လည်း USer တစ်ယောက်စီအတွက် license ဘယ်လိုဝယ်မလည်း။ per seat or per server ဘယ်လိုဝယ်မလည်း။ စသဖြင့်ပေါ့.....Linux မှာတော့ အဲ့လိုမဟုတ်ပါဘူး။ Linux မှာ ခမ်းနားထည်ဝါမှု့နဲ့ သူ့ရဲ့licening fees မရှိပါဘူး။ Linux CD တစ်ချပ်မှာကိုပြည့်စုံကောင်းမွန်တဲ့ tools တွေ utility
တွေ ပြီးတော့ ၀င်းဒိုးမှာ run နိုင်တဲ့ application မှန်သမျှ Linux မှာလည်းလုပ်နိုင်ပါတယ်တဲ့..။window ကသူ့ရဲ့ OS ပေါ်မှာ Application တွေကို ဈေးကြီးကြီးပေးဝယ်သုံးနေရတဲ့အချိန်မှာ..Linux ကတော့
free free နဲ့ပါဘဲ။...
***** Linx ကို Desktop ပေါ်မှာသုံးချင်သလား..ရပါတယ်။ ပြီးတော့ သူ့ကို GUI နဲ့သုံးချင်သလား ရပါတယ်။ 1990 ခုနှစ် UNIX ရဲ့ ၀င်းဒိုး စနစ်တွေပုံစံအတိုင်းပြုလုပ်ထားပါတယ်..။Linux ရဲ့ Red hat CD
မှာကို 4200 ထက်ပိုသော Client တွေ ၊ internet connection Utilities တွေ ၊ Games တွေ ၊ ရုံးသုံးဆိုင်ရာ application တွေ ၊ ထောင်ပေါင်များစွာသော Fonts တွေ ၊ ရာကျော်သော Graphic application တွေကိုထည့်သွင်း ပေးထားပါတယ်တဲ့။
*****Linux ကို Server platform အနေနဲ့သုံးချင်သေးလား.ရပါတယ်ခင်ဗျာ့။ Linux ဟာ မြန်တယ် ၊ လုံခြုံစိတ်ချရမှု့ ရှိတယ် ၊ သူ့ကိုထပ်ပြီးချုံနိုင် တယ် ၊အကြမ်းခံနိုင်တယ်လို့.ပြောထားပါတယ်..၊
ထပ်ပြီး Modify လုပ်ပါ့မယ်....Linux ရဲ့ နောက်ဆုံးထွက် version တွေမှာဆိုရင် Multi-processor
computer, (cpu 8 လုံး)နှင့် အထက် , system memory 64 GB နှင့်အထက် , ရာ ချီသော Monitoring, control utilities နှင့် လေးသန်း ကျော်တဲ့ user တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း.support
လုပ်နိုင်တယ်လို့ပြောထားပါတယ်..theory အရပါ..Linux က Database အတွက်လည်း ရေးသားခဲ့ပါတယ်..တစ်ကယ့်နာမည်ကြီး Oracle, IBM နှင့်များစွာသော Database vendors တွေဟာ သူတို့ရဲ့
enterprise software တွေကို Linux အတွက် ထုတ်လုပ်လာနှို်ခဲ့ပါတယ်..။
***** Linux ဟာ CPU အသစ်ထွက်တိုင်း သူ့ရဲ့ ဗားရှင်းတစ်ခုအသစ်ထွက်ပါတယ်..ဘာလို့လည်းဆိုတော့..ထွက်သမျှ hardware, software တွေကို run နိုင်အောင်..အသစ် ထွက်ရှိပါတယ်တဲ့..လင်းနစ်
ကို အနည်းဆုံး RAM 8 Mb ထဲနှင့် အလုပ်လုပ်နိုင်ပါတယ်တဲ့..window မှာဆိုရင်တော့.အနည်းဆုံး 2GB ဆိုတာတောင်မလောက်ချင်ပါဘူး..၀င်းဒိုး မှာ boot file ကို loading ဆွဲတယ်..system file တွေ
ကို loading ဆွဲထားရင်း မီးပျက်တာတို့..restart ချတာတို့ဆိုရင် တစ်ခါတည်းတက်နိုင်ဖို့ကို ပြန်လည်စောင့်ဆိုင်းနေရပါတယ်..LInux မှာတော့အဲ့လိုမဟုတ်ပါဘူး..recovery mode ပါတဲ့အတွက် တစ်ခါတည်း လွယ်လွယ်ကူကူပြန်တက်နိုင်ပါတယ်တဲ့..အဲဒါကြောင့် ၀င်းဒိုးကို ဘယ်လိုကျီစယ်ကြသလည်းဆိုရင် လှုပ်လှီ လှုပ်လှဲ့ ဂေါ်ဇီလာကြီးတဲ့. သေချာမြင်ကြည့်ပါနော်..ဂေါ်ဇီလာကြီး တရမ်းရမ်းနဲ့လာနေတဲ့ပုံကို မြင်ကြည့်ကြပါနော်။

Linux စတင် developed လုပ်ခဲ့တဲ့အချိန်မှာ လူပေါင်းများစွာကလည်း စတင် အစမ်းသုံးစွဲခဲ့ကြပါတယ်.. Linux မှာ တက်သမျှ error မှန်သမျှကိုလည်း အချိန်တိုတိုလေးအတွင်းမှာကိုဖြေရှင်းပေးနှို်င်ကြပါတယ်တဲ့..သင့်ရဲ့ အခက်အခဲတစ်ခုအတွက်ကို လင်းနစ်မှာအဖြေတွေက ရှိပြီးသားမို့ပါတဲ့.."Romans" ကအမြဲပြောတာကတော့.များစွာသောလူတွေနဲ့.အကြည့်ပေါင်း များစွာတို့ဟာ Linux ကိုစတင်ထိတွေ့လိုက်ပြီဆိုတာနဲ့..အဆင်ပြေချင်သလိုလို..ရယ်စရာလိုလို..နဲ့သူတို့ထင်မြင်ချက်တွေနဲ့သူတို့ပါဘဲတဲ့..”you don’t need to be an expert to find a suitable release”.တဲ့.

အခု Linux ကို စတင်လေ့လာဖို့အတွက် ပထမဆုံးသိသင့် ၊ သိထိုက်တာလေးတွေကို ပြောပါ့မယ်နော်..ပထမဆုံး.. Linux ရဲ့ ဖိုင် system အကြောင်းနဲ့ ၀င်းဒိုးဖိုင် system တွေပါ..
Linux မှာ ဖိုင်စစ်စတမ်တွေကို Ext2 , Ext3 , Vfat , REISER [extended] နောက်ပိုင်း ထွက်တဲ့ ဗားရှင်းတွေမှာတော့..Ext4 တွေနဲ့သတ်မှတ်လာကြပါတယ်တဲ့..၀င်းဒိုးမှာတော့.သူငယ်ချင်းတို့သိမှာပါ..FAT , FAT16 , FAT32 , NTFS ဒီလိုပုံစံတွေနဲ့ရှိတတ်ပါတယ်..တစ်ခါက ဖိုရမ်တစ်ခုမှာတွေ့ဖူးပါတယ်. NTFS ကို ၀င်း
ဒိုး network file system လို့ရှင်းပြထားပါတယ်.နောက်တစ်ယောက်ကတော့ ပြန်ပြင်ပေးထားပါတယ်.အမြင်မတော်လို့ထင်ပါတယ်..New Technology File System ပါ..ကဲ အခုဒါလေးကအခြေခံပေါ့နော်..ကျွန်တော်လည်းအခုမှစတင်လေ့လာနေလို့မှားရင် ခွင့်လွှတ်ကြပါနော်..တစ်ကယ်လို့ကျွန်တော်မှားယွင်းနေ၇င်လည်း.လက်တွဲခေါ်ပါ.အမှားရှိရင်လည်း ဝေဖန်ပါ..့ကျွန်တော်လည်း English မကောင်းပါဘူး..ကြိုးစားပြီးတော့.ဖတ်ပြီး..ကိုယ်နဲ့အတူတူမျှဝေမယ့်သူကိုစောင့်နေ ပါတယ်ခင်ဗျာ..
ကဲနောက်တစ်ခုကတော့.. Linux မှာ GUI mode နဲ့ Text mode နှစ်မျိုးရှိပါတယ်..GUI ကတော့..အဆင်ပြေပြေ မောက်စ် လေးနဲ့ ဟိုကလစ် ဒီကလစ် စတင်သုံးစွဲယုံပါဘဲ..Text mode ကတော့ window မှာလို Command Line Interface ပေါ့.keyboard ကနေ ဟိုရိုက်ဒီရိုက်ပေါ့. နောက်ပိုင်းမှာတော့..GUI နဲ့အဆင်ပြေပြေသုံးနိုင်အောင်လို့.တော်တော် လေး theme တွေ wallpaper လှလှလေးတွေနဲ့နောက်ဗားရှင်းတွေမှာထွက်လာနေပါပြီ..ဟုတ်ကဲ့..နောက်တစ်ခုကတော့ Linux ရဲ့ partition Plan ပါ..အဲဒါလေးကိုလည်း နားလည်ထားသင့်ပါတယ်..ဘာလို့လည်းဆိုတော့ ၀င်းဒိုးမှာလို တင်ရတာတော့လွယ်ပါတယ်.. Linux မှာတော့ အပိုင်းပိုင်းတွေနဲ့ ရှင်းရှင်းလင်းလင်းကိုလုပ်ထားပါတယ်..၀င်းဒိုးရဲ့ Partition Plan မှာဆိုရင် ကျွန်တော်တို့ hard disk တစ်ခုထဲမှာ ၀င်းဒိုးတင်မယ်ဆို၇င် အများအားဖြင့် ..hard disk size ကြီးတယ်ဆိုရင် နှစ်ပိုင်းပိုင်းတတ်ကြပါတယ်..ကိုယ်သန်ရာပေါ့...တစ်ခုက OS အတွက် နောက်တစ်ခုက Data ပေါ့..OS အပိုင်းကို Primary နှင့်..DATA ပိုင်းကို extended ပေါ့..Primary မှာဘာတွေပါမလည်းဆိုတော့.၀င်းဒိုရဲ့ ပထမဆုံး boot file တွေ system file တွေနှင့် program file တွေပါမယ်..extended မှာတော့ ကိုယ့်ရဲ့ဒေတာတွေပေါ့နော်..လင်းနစ် မှာတော့အဲ့လိုမဟုတ်ပါဘူး. လင်းနစ်က boot အတွက်တစ်ပိုင်း ၊ system file တွေအတွက်တစ်ပိုင်း၊ နောက်တစ်ခုကတော့.SWAP ဖိုင် (၀င်းဒိုးမှာတော့ vitual memory ပေါ့နော်)အတွက်တစ်ပိုင်း အဲ့လိုမျိုးနဲ့ပိုင်းထားပါတယ်..boot file အတွက် ကတော့ 128 MB ဆိုလုံလောက်ပါတယ်တဲ့..system file ပိုင်းအတွက်ကတော့ကိုယ်ကြိုက်သလောက်ပေါ့နော်..swap ဖိုင် အတွက်ကတော့ physical memory ထက် နှစ်ဆပေါ့နော်..အဆင်ပြေသလိုပါ..တစ်ကယ်လို့ ကိုယ်မြန်မြန်သုံးချင်တဲ့ applicationကို swap ဖိုင်ထဲမှာ ရမ်းခိုင်းလိုက်ရင်တော်တော်မြန်တယ်ဆိုဘဲ..

Kernel
Kernel ဆိုတာဟာ OS ရဲ့ အသည်းနှလုံးဖြစ်ပြီးတော့.system ရဲ့ အစိတ်အပိုင်းတွေကို ပိတ်ပါ ဖွင့်ပါ ဆိုပြီးတော့ ပရိုဂရမ်မာတွေက ထည့်သွင်းပေးသမျှကုဒ်တွေကို မှန်မှန်ကန်ကန်ပြုလုပ်ဆောင်ရွက်ပေးပါတယ်..အကို တစ်ချို့ရေးပေးထားတာကတော့ OS တစ်ခုရဲ့ kernel ဆိုတာဟာ Hardware တွေထဲမှာပါတဲ့ firmware လေးတွေနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ ကွန်ပျူတာ ပရိုဂရမ်တစ်ခုပါပဲ။ အစ်ကို နောက်တစ်ယောက်ရှင်းပြထားတာကတော့

ကျွန်တော်တို့ User ကပေးလိုက်တဲ့ instruction တွေကို စက်ကတိုက်ရိုက်နားမလည်နိုင်ပါဘူး..။ ဒါကြောင့် shell ကနေတစ်ဆင့် စက်ကနုားလည်နိုင်တဲ့ machine language ကိုပြောင်းပေးပါတယ်.။အဲ့ဒီ့အခါကျမှ OS ကျွန်တော်တို့ရဲ့ instruction ကိုနားလည် ပြီး instruction အတွက် output ကိုပြန်ထုတ်ပေးပါတယ်

တဲ့.။

Shell
Shell ဆိုတာကတော့ OS ရဲ့ kernel နဲ့ programmer တွေကို ကြားခံ ပေါင်းကူးစပ်ဆက်ပေးတဲ့ အပိုင်းဖြစ်ပါတယ်.။သူ့ကို command analyzer လို့လည်းခေါ်ပါတယ်.။
ဥပမာ ပြောရရင်တော့ မောင်လူလှဆိုတဲ့ သူက ကဲ ငါဒီကိစ္စလုပ်ချင်တယ်လို့ shell ပြောလိုက်ပါတယ်..အဲ့ဒီ့တော့ ပွဲစားကြီး shell ကလည်းသွားပြောရတာပေါ့. Kernel ရေ မင်းဘက်ကဒါတွေလုပ်နိုင်လား.လူလှကတော့ဒါလိုချင်တယ်တဲ့.မင်းလုပ်ပေးလိုက်ပါကွာ..ဆိုပြီးတော့ပေါ့..kernel ကလည်း သူနဲ့ချိတ်ထားတဲ့ အပိုင်းတွေကိုလှမ်းပြောပါတယ်.ငါ့ကိုတော့ဒါတွေလုပ်ခိုင်းနေပြီး မင်းတို့လည်း အလှည့်ကျစပြိးလုပ်တော့..ု အဲ့ကျတော့ လူလှလည်း သူလုပ်ချင်တာလုပ်လို့ရသွားတာပေါ့..
သဘောတရားပြောပါနော်..ကိုယ်လိုသလို တွေးကြည့်ပေါ့.အဓိကအခြေခံနားလည်အောင်ပါ.။
How Linux boot?
ကဲအခု Linux ရဲ့ boot အပိုင်းတွေမှာကောဘယ်လို အလုပ်လုပ်သလည်းပေါ့.။
အခုလင်းနစ် ရဲ့ physical structure တည်ဆောက်ပုံကိုလေ့လာကြရအောင်ပါ။ Linux မှာ kernel အပိုင်း နဲ့ boot အပိုင်း ဘယ်လိုလုပ်သလည်းဆိုတာကိုအရင်ကြည့်ပါ့မယ်.။
ပထမဆုံး boot စတင်လုပ်ဆောင်ပြီဆိုရင် ပထမဆုံး Boot Loader ဟာ Hard disk ပေါ်က kernel image ကိုစရှာပါတယ်.။ပြီးရင် memory ထဲကို ထည့်ပြီးတော့ စ OS တင်ပါတယ်..။kernel ကလည်းစတင်ပြီးတော့ တပ်ဆင်ထားတဲ့ devices တွေနဲ့ drivers တွေကိုမှန်မမှန် ကောင်းမကောင်း စတင် loading ဆွဲပါတယ်.။ ပြီးရင်တော့ init ဆိုတဲ့ ပရိုဂရမ်ကိုစရမ်းပါတယ်.။ နောက် init ကလည်း နောက်ပိုင်းကျန်တဲ့အပိုင်းတွေကို စတင် တဖြေးဖြေးရမ်းပြီးနောက် ၊ နောက်ဆုံး ကျန်တဲ့ bootsequence အပိုင်းတွေ အာလုံးပြီးသွာြး့ပီဆိုရင် user ရဲ့ login အပိုင်းကိုစတင် လက်ခံလိုက်ပါတယ်.။
ပြန်လည်သုံးသပ်ပြရရင်တဲ့ boot process ဟာအဖိုးမဖြတ်နိုင်တဲ့ ၊ boot loading မှာဖြစ်တတ်တဲ့ ပြသနာတွေကို ၊ system တစ်ခုလုံးမှာ နားလည်ထားသင့်တဲ့အပိုင်းဖြစ်ပါတယ်တဲ့.bootloader မှာ 0 ဆိုတဲ့အပိုင်းကို စရမ်းမယ်ဆိုကြပါစို့..boot loader မှာထည့်ထားတဲ့ ဘယ် OS ကိုစတင်ရမ်းမလည်းဆိုတာကိုမေးမယ့် screen ပေါ်လာပါမယ်. .. ၀င်ဒိုးမှာဆိုရင်တော့ Power on self Test ပြီးရင် ဖြစ်လာမယ့်အပိုင်းဖြစ်ပါတယ်..ကျွန်တော်တို့က Linux OS တစ်ခု ရွေးပေးပြီးရင်တော့ linux kernel ကိုစတင် run ပြီးရင် kernel ရဲ့ system ပိုင်းဆိုင်ရာတွေကို boot loader က handling control စလုပ်ပေးပါတယ်တဲ့.။
Init
Init ဆိုတာဟာဘာလည်းဆိုတော့ Linux ရဲ့အခြားပရိုဂရမ်တွေလိုပါဘဲ.ဘယ်မှာသွားရှာလို့ရမလည်းဆိုရင် /sbin ရဲ့အောက်မှာအခြားဖိုင်တွေနဲ့အတူ တွေ့ရပါလိမ့်မယ်တဲ့.။ INIT ရဲ့အဓိကလုပ်ဆောင်ပေးတာကတော့တစ်သီးတစ်ခြားဖြစ်နေတဲ့.ပရိုဂရမ်အစိတ် အပိုင်းလေးတွေကို အဖွင့်အပိတ်လုပ်ပေးခြင်းပါဘဲတဲ့.။

Bootloader
ဆိုတာဟာ ဘာလည်းဆိုတော့ BIOS ကနေ OS ကိုစတင် loading ဆွဲဖို့အတွက် ပထမဆုံး hard disk ရဲ့ ပထမဆုံး First sector ကိုစရှာပါတယ်.။hard disk ရဲ့ပထမဆုံးsector မှာ MBR (master of boot record ) ကို ရေးထားပါတယ်.။ သူကဘာတွေရေးသလည်းဆိုတော့ ဘယ် partition ရဲ့ ဘယ်အပိုင်းဟာ ပထမ OS အတွက် ဘယ်အပိုင်းကတော့ ဒုတိယ OS အတွက်ပေါ.အဲ့ကျမှစ ပြိးသူ့ကို loading ဆွဲလိုက်ရင် သူက ဘယ်အပိုင်းကိုစလုပ်မလည်းဆိုတာကိုမေးပါတယ်.။ကိုယ်သွားချင်တဲ့ OS ကိုရွေးပြီးရင် boot loader ဟာနောက်ထပ် boot loading အပိုင်းကို တစ်ခါပြန်လုပ်မှသူ့အလုပ်ကိုသူပြန်လုပ်ပါတယ်.ကျန်တဲ့အချိန်မှာ သူ လက်ယားလက်ယားလုပ်တယ်ပေါ့ဗျာ.။။ တစ်ခြား OS တွေနဲ့တွဲပြီးတင်မယ်ဆိုရင် ပထမဆုံး ၀င်းဒိုးတို့ တစ်ခြား OS တွေကိုတင်ပြီးမှ Linux ကိုတင်တာအကောင်းဆုံးပါဘဲတဲ့..နို့မဟုတ်ရင် Boot Loader ဟာ MBR ကနေ ဖျက်ခံရရင် အလုပ်မလုပ်နိုင်တော့ပါဘူးတဲ့..။အဲ့ကျတော့ Linux ကိုတင်ထားတဲ့ partition ရှိနေပြီးတော့ boot process မှာ linxu ပျောက်သွားပါ့မယ်..။

No comments:

Post a Comment