A+ စာမေးပွဲများ
A+ စာမေးပွဲ ရည်ရွယ်ချက်မှာ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များပေါ်ထွန်းရေးဖြစ်သည်။ ComTIA ၏ A+ စာမေးပွဲများသည် ဘက်မလိုက်သော အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့် အဖွဲ့အနေဖြင့်လည်း ထင်ရှားသည်။
Com TIA A+ စာမေးပွဲကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ယခုနှစ်အထိ Version သုံးခုပြောင်းကာ ကျင်းပနိုင်ခဲ့သည်။ စာမေးပွဲပုံစံကို ၁၉၉၂ ၊၂၀၀၃ ၊ ၂၀၀၆ ဦးတည်ချက်သုံးခုပြောင်းကာ ကျင်းပခဲ့သည်။ ၂၀၀၃ ခုနှစ်ကတည်းက ကျင်းပခဲ့သည့် စာမေးပွဲ မေးခွန်းပုံစံကို ၂၀၀၇ ခုနှစ်တွင်ပြောင်းလဲခဲ့သည်။ ထိုစာမေးပွဲကို အနည်းဆုံး နာရီ ၅၀၀ ခန့်လုပ်ငန်းအတွေ့အကြုံ ရှိသူများဖြေဆိုနိုင်သည် ဟုဆိုသည်။ စာမေးပွဲကို မှားမှန်ရောထွေး အမှန်ရွေးရမည့် multiple choice ပုံစံမျိုးဖြစ်သည်။
A+ စာမေးပွဲသည် မိုက်ခရိုဆော့ဖ် ၏ OS အခြေခံထားပြီးမေးသည်ဆိုသော်လည်း အခြား OS များကို သိရိထားရန်လည်း လိုအပ်သည်။ A+ စာမေးပွဲတွင် အပိုင်းနှစ်ပိုင်း ပါရှိပါတယ်။ Core hardware နှင့် OS technologies ဆိုပြီး နစ်ပိုင်းပါရှိပါတယ်။ Core Hardware စာမေးပွဲအပိုင်းကတော့ Hardware ပိုင်းကိုစစ်ဆေးတာဖြစ်ပြီး မေးခွန်း ၇၀ ဖြေရပါတယ်။လေ့လာထားရမယ့် အပိုင်းတွေကတော့ (microprocessors , displays , stroage media and devices , printers, moderns ,buses) နဲ့ အခြား PC ကွန်ပျူတာဆိုင်ရာ ဟာ့ဒ်ဝဲလ် အပိုင်းတွေ ဖြစ်ပါတယ်။
OS Technologies ကတော့ Operation System အပိုင်းနဲ့ ပတ်သတ်ပြီး စစ်ဆေးတာဖြစ်ပါတယ်။ မေးခွန်း ၇၀ ဘဲဖြေရပါတယ်။ နည်းပညာပိုင်းနဲ့ပတ်သတ်တာတွေကိုမေးထားတာ များပါတယ်။
ဘယ်သူတွေ A+ လက်မှတ်ကို ပိုင်ဆိုင်ခွင့်ရှိသလဲ
A+ စာမေးပွဲဟာ လူတိုင်းအတွက် လမ်းဖွင့်ပေးထားပါတယ်။ စာမေးပွဲဖြေဖို့ မှတ်ပုံတင်မယ်။ သတ်မှတ်ထားတဲ့ စာမေးပွဲကြေးပေးသွင်းမယ်ဆိုရင် ဘယ်သူမဆို လက်မှတ်ရနိုင်ပါတယ်။ စာမေးပွဲအောင်လက်မှတ်ရဖို့အတွက် ကျွမ်းကျင်ပြီး ကွန်ပျူတာ ပြင်စားတဲ့ သူတစ်ယောက်မှမဟုတ်ပါဘူး။ စာတွေ့လက်တွေ့ အတော်လေး ကျွမ်းကျင်ထားတယ်ဆိုရင် ၀င်ရောက် ဖြေဆို အောင်မြင်နိုင်ပါတယ်။ စာမေးပွဲ အပိုင်းနှစ်ပိုင်းမှာ တစ်ပိုင်းကို စုစုပေါင်း အမှတ်က ၉၀၀ ဖြစ်ပါတယ်။အပိုင်း(၁) အောင်ဖို့ အနိမ့်ဆုံး၇မှတ်က ၆၈၃ ဖြစ်ဖို့လိုပါတယ်။ အပိုင်း(၂) OS Technologies ကိုအောင်ဖို့ အနည်းဆုံး ၆၁၄ မှတ်ရဖို့လိုအပ်ပါတယ်။ ဖြေဆိုချိန် ၉၀မိနစ်ရပါတယ်။ A+ စာမေးပွဲကို စစ်ဆေးပေးနေတဲ့ စာဖြေငှာနနဲ့ မှတ်ပုံတင်ရမယ့် ငှာနတွေကို အွန်လိုင်းမှာ သက်ဆိုင်ရာ Website တွေထဲဝင်ပြီးလေ့လာနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စာဖြေငှာန နှစ်ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Prometic : www.2test.com
VUE : www.vue.com တို့ဖြစ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာလည်း MCPA ကကြီးမှူး ကျင်းပတဲ့ စာမေးပွဲတွေကို မေးမြန်းစုံစမ်းပြီး ပြည်တွင်းမှာ ၀င်ရောက်ဖြေဆိုနိုင်ပါတယ်။
NETWORK + စာမေးပွဲများ
NETWORK + စာမေးပွဲသည် ကွန်၇က် nETwork နည်းပညာရှင်များ ပေါ်ထွန်း လာစေရေးအတွက် ဦးတည်ကျင်းပပေးသည့် စာမေးပွဲဖြစ်ပါသည်။ NETWORK ဆိုင်ရာ ဟာဒ်ဝဲလ်များ ၊ တပ်ဆင်မှု့များ ၊ ပြသနာ အဖြေရှာပုံများကို ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက်ဖြစ်ပါတယ်။ ၁၉၉၃ နှစ်တွင်မှ ပထမဆုံး စတင်နိုင်ခဲ့ပါတယ်။ စာမေးပွဲ အဆင့်မြှင့်ခြင်းကို ၂၀၀၂ တွင် တစ်ကြိမ် ၊ ၂၀၀၅ တွင် တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ စာမေးပွဲတွင်မေးမြန်းခဲ့သည့် အခန်းများမှာ Network Hardware ၊ Connections ၊ software ၊ Local area Networks(Lans) ၊ Wide Area Network (WAN) တို့ဖြစ်ကြပါတယ်။ NETWORK + စာမေးပွဲသည် Microsoft မှ ကျင်းပသည့် စာမေးပွဲနှင့် CISCO စာမေးပွဲများအတွက်များစွာ အထောက်အကူ ဖြစ်စေသည်။ MCSA စာမေးပွဲသည် NETWORK + စာမေးပွဲ သို့မဟုတ် Server + စာမေးပွဲများ ကိုပေါင်းစပ်ထားသည့် အဆင့်မြင့်စာမေးပွဲ ဟု ဆိုနိုင်သည်။ NETWORK + စာမေးပွဲကို မိနစ် ၉၀ ဖြေဆိုရပြီး မေးခွန်း ၉၀ ဖြေဆိုရသည်။အောင်မှတ်မှာ အမှတ် ၉၀၀ ပေးသည့်အနက် ၅၅၄ မှတ်၇လျှင် အောင်မြင်နိုင်သည်။ စာမေးပွဲဖြေဆိုစဉ် whiteboard တစ်ခုနှင့် Pen တစ်ချောင်းလိုအပ်ပါသည်။
SERVER + စာမေးပွဲများ
SERVER + စာမေးပွဲများသည် server အထူးပြု ဟာဒ်ဝဲလ်များနှင့် Operation System ကိုအလေးပေးသည့် စာမေးပွဲ ဖြစ်သည်။ ၏ စာမေးပွဲ အတွက် RAID ၊ SCSI နှင့် CPU အမျိုးမျိုး ကိုသိထားရမည့် အပြင် Server အကြောင်း နှင့် ပျက်စီးဆုံးရှူံးမှု့ များမှ ကာကွယ်ခြင်းအကြောင်းများ လေ့လာထားရန်လိုအပ်ပါသည်။
SERVER + ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တစ်ကြိမ်သာ အဆင့်မြှင့်ရသေးသည်။ SERVER + စာမေ့းပွဲတွင် ကဏ်ဏ ၈ခုပါဝင်ပါသည်။ General Server Knowledge ၊ Installation ၊ Configuration ၊ Upgrading ၊ Proactive Maintenance၊ Enviroment ၊ Troubleshooting and Problem Determination နှင့် Disaster Recovery တို့ဖြစ်သည်။ စာမေးပွဲကို မိနစ် ၉၀ ဖြေဆိုရပြီး မေးခွန်း ၈၀ ဖြေဆိုရသည်။အောင်မှတ်မှာ အမှတ် ၉၀၀ ပေးသည့်အနက် ၆၁၅ မှတ်၇လျှင် အောင်မြင်နိုင်သည်။ ၏ စာမေးပွဲကို ဖြေဆိုမည့်သူသည် အနည်းဆုံး ၁၈ လမှ ၂၄ လအထိ ISSA (Industry Standard Server Architecture) နည်းပညာ အတွေ့အကြုံရှိရန် လိုအပ်ပါသည်။
Security + စာမေးပွဲများ
Security + စာမေးပွဲသည် ကွန်ပျူတာလုံခြုံရေး ခေါင်းစဉ်အောက်တွင် Cryptography နှင့် Access Control ပညာရပ်များ အတွက် ကျွမ်းကျင်မှူ စစ်ဆေးသည့် စာမေးပွဲဖြစ်သည်။ လုံခြုံရေးကိစ္စများ အထူးအရေးကြီးလာသည့် ၂၀၀၂ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ Comp TIA ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ တစ်ဝန်းလုံးတွင် security + နှင့် ပတ်သတ်ပြီး အနည်းဆုံး လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံ ၂ နှစ်ရှိရန်လိုအပ်ပါသည်။ မေးခွန်းပုံစံမှာ မှားမှန်ရောထွေး အမှန်ရွေးပုံစံ ဖြစ်ပြီး မေးခွန်း ၁၀၀ ဖြေဆိုရသည်။ Security + သည်လည်း MCSAနှင့် MCSE စာမေးပွဲများကို အထောက်အကူပြုသည်။ ဖြေဆိုချိန် မိနစ် ၉၀ နှင့် မေးခွန်း ၁၀၀ ကိုအမှတ် ၉၀၀ ပေးထားပြီး ၇၆၄ မှတ်ရလျှင် အောင်သည် ။ ၂၀၀၈ ခုနှစ်တွင် Security + ကိုအဆင့်မြှင့် မည်ဟုကြေငြာ ခဲ့ပြီး ၂၀၀၈ ခုနှစ်အောက်တိုအာလတွင် အခန်းသစ်များကိုထည့်သွင်းခဲ့သည်။
SYO-4101 Comp TIA security + 2002 Exam
JK-010 Comp TIA security + E2C 2002 Exam
HTI+ စာမေးပွဲများ
Home Technology Integrator ဟုတ်ခေါ်ဆိုခြင်းဖြစ်သည်။ ကွန်ပျူတာ တပ်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ပြသနာဖြေရှင်းခြင်းများကို အိမ်တွင်းရှိ ပစ္စည်းများနှင့် အလွယ်တကူ ပြုလုပ်နိုင်စေရေးအတွက် ကျွမ်းကျင်မှု့စစ်ဆေးသည့် စာမေးပွဲဖြစ်သည် ။ ယခင် DHTI +(Digital Home Technology Integrator) ဟုတ်ခေါ်ပြီး ၊ နောက်ပိုင်း HTI + ဟု့ သာ ခေါ်ဆိုခဲ့သည်။ Comp HTI + စာမေးပွဲသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းခဲ့သည်။
e-Biz + စာမေးပွဲများ
၏ စာမေးပွဲသည် e-commerce ကိုဗဟုသုတ မည်မျှ ရှိကြောင်း စမ်းသပ်စစ်ဆေးပြီး လက်မှတ်ပေးခြင်းဖြစ်သည်။ e- Biz + စာမေးပွဲကို အင်္ဂလိပ်ဘာသာဖြင့် စစ်ဆေးခြင်းအား ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သော်လည်း ဂျပန်နှင့် ကိုရီးယား ဘာသာတို့ဖြင့် ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
CTT + စာမေးပွဲများ
လုပ်ငန်းငှာနများတွင် ကျွမ်းကျင်ပညာရှင်များ ၀င်ရောက်အမှု့ထမ်းနိုင်ရေးအတွက် ကျင်းပပေးသည့် စာမေးပွဲဖြစ်သည်။ ၏ လက်မှတ်အတွက် Comp TIA နှင့် ကုမ္ပဏီ များ ပူးပေါင်းပြီး ကျင်းပပေးသည်ဖြစ်ရာ အောင်မြင်ထားသူများကို အရည်အချင်း အပြည့်အ၀ကျွမ်းကျင်သူများ (နည်းပြဆရာများ ) အဖြစ် သတ်မှတ်လေ့ရှိသည်။ စာမေးပွဲတွင် အပိုင်းနှစ်ပိုင်းဖြေဆိုရသည်။ ကွန်ပျူတာအခြေခံ CBT စာမေးပွဲနှင့် ဗီဒီယို အခြေံ VBT စာမေးပွဲ ဖြစ်သည်။
CTT + စာမေးပွဲကို အောင်မြင်သူများအား နည်းပြသင်တန်းဆရာများအဖြစ် သတ်မှတ်လေ့ရှိရုံမျှမက ACI(Adobe certified Instructor) MCT(Microsoft certified Trainer) CNI (Certified Novell Instructor) စာမေးပွဲများ ၀င်ရောက်ဖြေဆိုရန်အတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။
Linux + စာမေးပွဲများ
Linux +သည် Linux Operation System ကိုမည်မျှ နားလည် တတ်ကျွမ်းမှု့ ရှိကြောင်း စမ်းသပ်စစ်ဆေးသည့် စာမေးပွဲဖြစ်သည်။ Free ဆော့ဝဲလ်များနှင့် Open Source တို့ကိုတိုးတက်ဖွံ့ ဖြိုး လာစေရန်ဖြစ်သည်။ Linux ဆော့ဝဲလ်ကို ၆လမှ ၁၂ လအတွင်း အသုံးပြုနေသူများအနေဖြင့် ၏ စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်လိမ့်မည်ဟု သိရသည်။ Linux + စာမေးပွဲသည် Linux ကျွမ်းကျင်မှုကို စစ်ဆေးသည့် စာမေးပွဲဖြစ်သဖြင့် Installation ၊ Management configuration ၊ Security ၊ Documentation နှင့် Hardware များကို လေ့လာသိရှိထားရန်လိုသည်။
စာမေးပွဲသည် ကွန်ပျူတာဖြင့် မှားမှန်ရောထွေး Multiple-choice ပုံစံဖြင့် ဖြေဆိုရမည်။ မေးခွန်းတွင် ဖြစ်နိုင်ခြေ အဖြေ လေးခုကိုပေးထားပြီး အမှန်ဆုံးအဖြေတစ်ခုကိုေ၇ွးချယ်ပေးရသည်။ ၏ စာမေးပွဲ ဖြေဆိုသူများသည် A+ စာမေးပွဲ အတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။
Linux + စာမေးပွဲသည် အိုင်တီအသက်မွေးမှု့ လောကတွင် အရင်က ခေတ်မစားသေးသော်လည်း အခု တွင် Technician များနှင့် System Administrator များသည် စိတ်ဝင်စားစွာ ဖြေဆိုလာကြပြီဖြစ်သည်။
I-Net + စာမေးပွဲများ
I-Net + စာမေးပွဲသည် Internet ၊ Intranet ၊ Extranet နှင့် e-commerce နည်းပညာများအား ကျွမ်းကျင်မှု့စစ်ဆေးခြင်း ဖြစ်သည်။ ၏ စာမေးပွဲတွင် server side နှင့် client side ဟူနှစ်မျိုးခွဲကာ မေးထားသည်။ အခြေခံ Network နည်းပညာ များအပြင် command line ၊ e-commerce ၊ e-business security ၊ digital signatures ၊ copyright ၊ HTML coding တို့ကိုပါ သိရှိထားရန်လိုအပ်သည်။ I-Net + စာမေးပွဲကို ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် I-Net + လက်မှတ်ရထားသူများကို ယနေ့အထိ အသိအမှတ်ပြုထားဆဲဖြစ်သည်။
Project + စာမေးပွဲများ
Project + စာမေးပွဲသည် Project လုပ်ငန်းများကို စီမံခန့်ခွဲနိုင်မှု့အတွက် ကျွမ်းကျင်မှု့ စစ်ဆေးသည့် စာမေးပွဲဖြစ်သည်။
RFID + စာမေးပွဲများ
Radio-frequency identification နည်းပညာများ ကျွမ်းကျင်မှု့အတွက် စစ်ဆေးသည့်စာမေးပွဲ ဖြစ်သည်။
Convergence + စာမေးပွဲများ
ဆက်သွယ်ရေးဆိုင်ရာ နည်းပညာ CT(Communication Technologies ) ကျွမ်းကျင်မှူစစ်ဆေးခြင်းဖြစ်သည်။ Datacomm ၊ Telephony/telecomunications ၊ Video နှင့် ရုပ်သံလွှင့်မီဒီယာ ၊ ထုတ်လွှင့်မှု့နည်းပညာများကို လေ့လာသိရှိ ထားရန်လိုသည်။ နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် ၏ လက်မှတ်ရထားသူများကို လက်ခံလေ့ရှိသည်။ Convergence + ကိုဖြေဆိုသည့်သူများသည် Comp TIA ကကျင်းပသည့် Network + ကိုဦးစွာဖြေဆိုထားသင့်ကြောင့် အကြံပြုထားသည်။ ထိုစာမေးပွဲကိုအောင်မြင်ပြီး လုပ်ငန်းခွင်အတွေ့အကြုံ ၁၈ လမှ ၂၄ လအထိရှိကာ Data Networking နှင့်VOIP တို့ကိုပါ ကျွမ်းကျင်ထားရန်လိုအပ်သည်။
CREDIT : Personal Computer Magazine
ကဲ အခုဆိုရင်တော့ ဘယ်လိုစာမေးပွဲမျိုးတွေရှိတယ် ပြီးတော့ ကိုယ်က ဘယ်လုပ်ငန်းကိုလုပ်နေရင် ဘယ်လက်မှတ်လေးရှိနေဖို့လိုအပ်တယ်ဆိုတာ ကွန်ပျူတာနည်းပညာ နယ်ပယ်မှာလိုအပ်ပါတယ်။ ဥပမာ ။ ။ နိုင်ငံခြားကို ထွက်မယ်ဆိုရင်တောင် အနည်းဆုံး လက်မှတ်လေးတစ်ခုလောက်တော့ရှိဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် သူများ နိုင်ငံမှာ မျက်နှာငယ်ငယ် နဲ့ အလုပ်လုပ်နေရမှာ ဖြစ်ပါတယ်။ (ကျောင်းတက်နေသူများကို မဆိုလိုပါ) ၊ ကျွန်တော်တို့ ပြည်တွင်းက ညီငယ်လေးတွေကိုလည်း ဒီဟာလေးတွေကို ဖတ်ပြီး ပြန်လည် ဝေမျှစေချင်ပါတယ်။ ညီငယ်လေးတွေ တစ်ချို့ ဖြေဆိုချင်ကြပါတယ် ဒါပေမယ့် အဘက်ဘက်က ပြည့်စုံမှု့မရှိတာရယ် အချိန်မပေးနိုင်တာရယ် ဖြေဆိုရမယ့် နေ့ရက် အချိန်လေးတွေ မသိကြတာရယ်ကြောင့် မဖြေဆိုလိုက်ရတာတွေ ရှိပါတယ်။ အခု နောက်ထပ်တစ်ခုအကြံ ပြုချင်တာက မြန်မာနိုင်ငံက ကြီးမှူးကျင်းပပေးတဲ့ MCPA စာမေးပွဲကို ၀င်ရောက်လေ့လာဖြေဆိုစေချင်ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ ကွန်ပျူတာ ပညာရှင် လူငယ်တွေ လုပ်ငန်းခွင်မှာ အသိအမှတ်ပြု အခြေခံကောင်းလေးတွေ ရရှိစေဖို့ အတွက် အထောက်အကူပြုပါတယ်။ မေးခွန်းပုံစံနှစ်ခုရှိတယ်လို့ သိရပြီး အသေးစိတ်ကိုတော့ အခုလာမယ့် ငါးလပိုင်းမှာစုံစမ်းကြည့်ပါ။ ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့်တောင်ကြီး မြို့တွေမှာ တစ်ပြိုင်နက်ကျင်းပပေးပါတယ်။ စာမေးပွဲကြေးက ၅၀၀၀ နှင့် ၁၀၀၀၀ ရှိပြီး ကိုယ့်အဆင့်အလိုက် ၀င်ရောက်ဖြေဆိုနိုင်ပါတယ်။
အခုလက်ရှိကတော့ လုပ်ငန်းခွင်မှာဝင်ရောက်မယ်ဆိုရင် အနည်းဆုံး ပုဂ္ဂလိက လုပ်ငန်းခွင်တွေမှာ A+ Certificate လေးရှိဖို့တော့ လိုအပ်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
No comments:
Post a Comment