Saturday, May 21, 2011

အလင်းဖန်နန်းကြိုးမျှင် အကြောင်း သိကောင်းစရာ(အပိုင်း -၁)

ဒီ အလင်းဖန်နန်းကြိုးမျှင် အကြောင်းလေးကို စရေးဖို့ တော်တော်စဉ်းစားခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သင်ခဲ့ရတဲ့ သင်တန်းက ခွင့်ပြုချက်လည်း မတောင်း နောက်ပြီး ဒီသင်ခန်း စာတွေကို သင်ပေးခဲ့တဲ့ ဆရာဦးတင်စိုး(လိုင်းနှင့် ကေဘယ်လ် သင်တန်းငှာန) ငှာနမှုး (လက်ထောက်အင်ဂျင်နီယာ) ကွယ်လွန်အား ရည်စူး၍ ရေးချင်ခဲ့တာလည်း တစ်ကြောင်း ပြီးတော့ fiber အကြောင်းကို သိချင်သော မသိသေးသော အခြေခံ မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး သင်တန်းမှ စာများကို တင်ပြပေးလိုက်ပါတယ်။ အကယ်၍ အမှားများရှိမယ် ကျွန်တော့ အပြစ်က ကြီးမယ်ဆိုရင်လည်း ဒီနေရာကနေ အနူးအညွတ်တောင်းပန်လိုက်ပါတယ်ခင်ဗျာ။ ပြီးတော့ ဆရာဦးတင်စိုး (ကွယ်လွန်) အား ၏ နေရာမှနေ၍ ဒီပို့စ် ဖြင့် ကန်တော့ ပါသည်။ ဆရာ ကောင်းရာသုဂတိ လားပါစေ။!
မိတ်ဆက် (Intorduction)
အလင်းရောင်သည် လူသားများအတွက် သဘာဝက ပေးသော လက်ဆောင်တစ်ခုဖြစ်သည်။ လူသားသည် လောကကြီးသို့ရောက်ရှိလာသည်နှင့် အလင်းရောင်နှင့် စတင်ထိတွေ့ရသည်။ယခု ခေတ်ကာလအထိ ကမ္ဘာပေါ်ရှိ အချို့သော လူမျိုးစုတို့သည် အလင်းကို ကိုးကွယ်ကြသည်။ အလင်းရောက်ကို လူသားတို့အကျိုးပြုလုပ်ငန်းများတွင် အသုံးချ နိုင်ရင် ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ကြသည်။ ထိုကြိုးပမ်းချက်များ အနက် အလင်းကို ဆက်သွယ်ရေးတွင် အသုံးချနိုင်ရန်လည်း ကြိုးစားကြသည်။ နောက်ဆုံး ယနေ့ခေတ်တွင် ဖန်နန်းမျှင်ကို တီထွင် အသုံးချနိုင်သည့် အဆင့်အထိ တိုးတက်လာခဲ့ပေသည်။
သတင်းအချက်အလက်များ အပို့ အယူ လုပ်ငန်းတွင်၊ အသုံးပြုသော ကြားခံအမျိုးမျိး (symmetrical cables, coxial cables, wave guide, radio ,etc...) ရှိရာတွင် ဖန်မျှင်သည် သူမတူအောင် ထူးခြားကောင်းမွန်သည့် အရည်အသွေးရှိသောကြောင့် ၊ တယ်လီဖုန်း အဝေးလိုင်းများ ၊ ကေဘယ် ရုပ်မြင်သံကြား လုပ်ငန်း များတွင် သွယ်တန်းအသုံးပြုသည့် ကေဘယ်လ် အဖြစ်လည်းကောင်း ၊ အစရှိသည်တို့တွင် အသုံးတွင်ကျယ်လာကြသည်။
ဖန်မျှင်သည် အလွန်ပေါ့ပါးကာ သေးသွယ်ခြင်း ၊ လျှပ်စစ် စက်ကွင်း သံလိုက်စက်ကွင်းတို့ ၏ကပ်ညှိနိုင်မှု့ ကင်းခြင်း သတင်းအချက်အလက် မြောက်များစွာကို တချိန်တည်းတွင် ပို့ယူလုပ်နိုင်ခြင်း စွမ်းအားလျော့ပါး မှု့မရှိသလောက် နည်းပါးခြင်းကြောင့် အကွာအဝေး ရှည်လျားစွာ သွယ်တန်းအသုံးပြုနိုင်ခြင်း စသည့် အရည်အသွေးများရှိခြင်းကြောင့်ဆက်သွယ်ရေးလုပ်ငန်း များတွင် အလွန် အရေးပါလာခဲ့သည်။ ဖန်မျှင်ကေဘယ်လ် များကို အသုံးပြုရာတွင် လိုင်းအင်အား အလွန်များပြားစွာ ဆက်သွယ်နိုင်သည်။ လိုင်းအင်အား မည်မျှ သုံးစွဲ နိုင်သည်ဟူသော သတ်မှတ်ချက်သည် ဖန်မျှင် ကေဘယ်လ် တွင် ကန့်သတ်မှု့မရှိပေ ၊ ဖန်မျှင်ကေဘယ် ၏ ထိပ်စွန်းနှစ်ဖက် တွင် တပ်ဆင်အသုံးပြုသည့် စက်ကိရိယာ ၏ စွမ်းဆောင် ရည်ပေါ်တွင်မူတည်နေသည်။
ဖန်မျှင်တွင် ထူးခြားသည့် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိသည်။ အလွန်သေးငယ်သော မဖန်မျှင်ကို ဆက်သည့်အခါ လုပ်ငန်းစဉ်များရှုပ်တွေးပြီး ကျွမ်းကျင်ပညာရှင်များ နှင့်ဖန်မျှင် ဆက်သည့် အထူးကရိယာများလိုအပ်သည်။
မည်သို့ဆိုစေ ဖန်မျှင်ကေဘယ်လ် ပေါ်ပေါက်လာခြင်းသည် ဆက်သွယ်ရေးလောကကို တစ်ခေတ်ပြောင်းစေခဲ့သည်။ လက်ရှိဆက်သွယ်ရေး ကွန်ယက်များနှင့် ကေဘယ်လ် ဆက်ကြောင်းများကို ဖန်မျှင်ဖြင့် အစားထိုးသုံးစွဲ လာကြသည်။
အခြေခံသဘောတရားများ(Basic Notation)
အလင်းရောင်တွင် ဂုဏ်သတ္တိ နှစ်မျိုးရှိသည်။ အမှုန်သဘောဆောင်သော ဂုဏ်သတ္တိနှင့် လှိုင်းသဘော ဆောင်သော ဂုဏ်သတ္တိ ဟူ၍ ဖြစ်သည်။ လှိုင်းသဘောဆောင်သော ဂုဏ်သတ္တိ ကို ဆက်သွယ်ရေး လုပ်ငန်း တွင် အသုံးပြုသည်။ အလင်း၏ သဘောဆောင်သော ဂုဏ်သတ္တိသည် လျှပ်စစ် သံလိုက်လှိုင်း ဂုဏ်သတ္တိအဖြစ် တည်ရှိသည်။ အလင်းသည် လှိုင်းပုံသဏ္ဏန် ရွေ့လျားပြီး အလင်း၏ လှိုင်းအလျား (Wave Length) နှင့် တုန်နုန်း (Frequency) တို့ကို လျှပ်စစ် သံလိုက် ရောင်စဉ်(Electromagnetic Spectrum) တွင်တွေ့မြင်နိုင်သည်။ မျက်စိဖြင့် မြင်နိုင်သည့် အလင်း(visible light)၏ လှိုင်းအလျားသည် (380-780)နာနို မီတာအတွင်းရှိသည်။ ခရမ်းလွန်ရောင်ခြည်(ultraviolet ray) ၏ လှိုင်းအလျားသည် (100-380)နာနို မီတာအတွင်းရှိသည်။ ခရမ်းလွန်ရောင်ခြည် သည် နေရောင်ခြည်တွင်လည်းကောင်း ၊ကာဘွန် ဂဟေ ဆက်ခြင်းမှလည်းကောင်း ထွက်ပေါ်လာသည့် အလင်းရောင်တွင်လည်းကောင်းပါရှိသည်။ခရမ်းလွန်ရောင်ခြည်ကို အနုစိတ်ဓါတ်ပုံရိုက်လုပ်ငန်းတွင် အသုံးပြုသည်။ လှိုင်းအလျား တိုသော ရောင်ခြသည်သည် ပိုမို တိကျပြတ်သား သောပုံရိပ်ကို ရရှိနိုင်သောကြောင့် တိကျပြတ်သားသော ပုံရိပ်များကို ရရှိရန်လိုအပ်သည့်အခါ ကင်မရာများတွင် သုံးပြုကြသည်။ ခရမ်းလွန်ရောင်ခြည် သည် အရေပြားကို လောင်ကျွမ်း စေနိုင်ပြီး မျက်စိကို ကန်းစေနိုင်သည်။
အနီအောက် ရောင်ခြင်(Infra Red Ray) ၏ လှိုင်းအလျားသည် (780နာနိုမီတာ-1 မီလီမီတာ) အတွင်း ရှိသည်။ အနီအောင်ရောင်ခြည်ကို နေရောင်ခြည်နှင့် ခန္ဓာကိုယ်မှ ထွက်သည့် အပူငွေ့တွင်ရှိသည်။ ဖန်မျှင် ဆက်သွယ်ရေးသုံးသည့် အလင်း၏ လှိုင်းအလျားသည် (800-1600) နာနိုမီတာ အတွင်းရှိသည်။ ဖန်မျှင်တွင် သုံးသည့် အလင်းသည် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းအလျားတွင် ပါဝင်ပြီး အလင်းလွှတ် ဒိုင်အုတ် (LED) လေဆာဒိုင်အုပ် တို့မှ ထွက်ရှိသော ရောင်ခြည်များဖြစ်သည်။
အလင်းဆိုင်ရာ ရူပဗေဒ သဘောတရားများ
(၁) အလင်းသည် ကြားခံတသမတ်တည်း တွင်ဖြောင့်တန်းစွာ ဖြတ်သွားသည်။
(၂) အလင်းဆိုင်ရာ သိပ်သည်းခြင်းမတူသည့် အလင်းပေါက်မျက်နှာပြင်ကို ဖြတ်လျှင် အလင်းသည် နှေးကွေးသွား သို့ ယိုင်သွားသည်။
ရိုက်ထောင့်(Incident angle) - ရိုက်လင်းတန်း နှင့် မတ်မျဉ်းကြားရှိထောင့် ဖြစ်သည်။
ပြန်ထောင့်(Reflective angle) - ပြန်လင်းတန်းနှင့် မတ်မျဉ်းကြားရှိ ထောင့်ဖြစ်သည်။
ယိုင်ထောင့်(Refractive angle) - ယိုင်လင်းတန်းနှင့် မတ်မျဉ်းကြားရှိ ထောင့် ဖြစ်သည်။
မျှခြေထောင့်(Criticle angle) - ယိုင်ထောင့် ၉၀ံ ကိုဖြစ်ပေါ်စေသည့် ရိုက်လင်းတန်းနှင့် မတ်မျဉ်းကြားရှိ ရိုက်ထောင့် ဖြစ်သည်။
ယိုင်ညွှန်းကိန်း(Refracitve Index) - သည် လောဟာနယ် ကိုဖြတ်သန်းသည့် အလင်း၏ အလျင်နှင့် အလင်းပေါက် မျက်နှာပြင်ကို ဖြတ်သန်းသည့် အလင်းအလျင်အချိုးဖြစ်သည်။
လေဟာနယ် ယိုင်ညွှန်းကိန်း = ၁.ဝ
ကမ္ဘာ့လေထု၏ ယိုင်ညွှန်းကိန်း = ၁.၀၀၀၂၉
ဖန် ၏ ယိုင်ညွှန်းကိန်း =၁.၅
စိန် ၏ ယိုင်ညွှန်းကိန်း = ၂.ဝ
ဖန်ထဲသို့ဖြတ်သန်းသည့် အလင်း၏ အလျင်သည် လေထဲတွင် ဖြတ်သန်း သည့် အလင်း၏ အလျင်ထက် တစ်ဆခွဲပိုနှေးပြီး ၊ စိန်ထဲသို့ အလင်းဖြတ်သန်းသည့် အလျင်သည် လေထဲတွင် ဖြတ်သန်းသည့် အလင်း၏ အလျင်ထက်တ၀က်သာ ရှိသည်။ မည်သည့်အလင်းပေါက် မျက်နှာပြင်မဆို ၊ လေဟာနယ်ထက် ယိုင်ညွှန်းကိန်း ကြီးသည်။
အလင်းဖန်မျှင် (Optical Fiber)
အလင်းတန်းတစ်ခုသည် ဖန်ချေင်းအတွင်း ပိတ်မိလျက် လုံးဝအတွင်းသို့ အလင်းပြန်ခြင်း ဖြစ်စဉ်ဖြင့် ရွေ့လျားသွားခြင်းဖြစ်သည်။ ထိုသို့သော လုံးဝ အတွင်းသို့ အလင်း ပြန်ခြင်းဖြစ်စဉ် တွင် ဖန်ချောင်းအတွင်း သို့ ၀င်ရောက်သော အလင်းတန်း ၏ ရိုက်ထောင့်သည် မျှခြေထောင့် (Criticle angle) ထက် ကြီးသည်။
ဖြစ်တန်ချေ ထောင့် (Acceptance Angle)
ဖန်မျှင်တစ်လျောက် အလင်းတန်း ချောမွေ့စွာ ၀င်ရောက်သွားစေနိုင်မည့် အကြီးဆုံး ရိုက်ထောင့်ကို ခေါ်သည်။
Numerical Aperture(NA)
ယင်းသည် Acceptance Angle ၏ sign တန်ဖိုးဖြစ်သည်။ ဖန်မျှင်ကေဘယ်လ် အတွင်းအလင်းတန်း ချောမွေ့စွာ ရွေ့လျားနိုင်ရေးအတွက် NA ၏ တန်ဖိုးသည် အလွန်အရေးပါလေသည်။
ဖန်မျှင်ကို တည်ဆောက်ရာတွင် အဓိက အစိတ်အပိုင်းနှစ်ခုဖြစ်သော ၊ အနှစ် Core နှင့် အကာ Clad တို့၏ ယိုင်ညွှန်းကိန်း (Refractive Index) များ၏ ဆက်စပ်မှု့ကို အခြေခံကာ တည်ဆောက်ထားသည်။ ယင်းတို့မှာ
Step Index Fiber နှင့် Graded Index fiber ဟူ၍ ဖြစ်သည်။ Step Index Fiber တွင် အတွင်းသား (core) ၏ Refractive index တန်ဆိုးအတွင်းသို့ အတွင်းသားနှင့် အပြင်သားထိတွေ့နေသည့် နေရာတွင် ရုတ်ချည်းပြောင်းလဲသွားစေရန်တည်ဆောက်ထားသည်။ Graded Index Fiber တွင် အတွင်းသားနှင့် အပြင်သားထိတွေ့သည့် နေရာမှစ၍ အနှစ်သား ဘက်သို့ အလယ်ဗဟို အထိ တဖြေးဖြေး ပြောင်းလဲသွားစေရန် တည်ဆောက်ထားသည်။ ဖန်မျှင်ထဲသို့ ပို့လွှတ်သော အလင်းတန်း အရေအတွက် ပေါ်မူတည် ၍ အမျိုးအစား နှစ်မျိုးထပ်မံ ခွဲခြားထားပြန်သည်။ ယင်းတို့မှာ-
Single Mode Fiber နှင့် Multi Mode Fiber တို့ဖြစ်သည်။

No comments:

Post a Comment