Thursday, June 30, 2011

လူထု ဦးလှ ပုံပြင်များထဲက

ဘောလုံး အသင်းနှစ်သင်း
တစ်ခါ တုန်းက ဘောလုံးအသင်းနှစ်သင်း ရှိပါတယ် ပြိုင်ပွဲအတွက်ပါ။ ပြိုင်မဲ့ ဘောလုံး ကန်ဖက် အသင်းနှစ်သင်းက တစ်သင်း က ကန်မဲ့ အသင်း ၁၁ ယောက်လုံးက မျက်စိမမြင်ဘူး။ အကန်းအသင်း လို့ ဆိုကြပါဆို့ဗျာ။ပိုဆိုးတာက ဟိုဘက် ၁၁ ယောက် အသင်းက တစ်သင်းလုံးက အရူးတွေ ဖြစ်နေတယ်။ အရူးအသင်းလို့ ဆိုကြတာပေါ့ဗျာ။ အဲ့ဒီ့တော့ အကန်းအသင်းနှင့် အရူးအသင်းလို့ ဘဲ ဆိုကြပါစို့ဗျာ။
ကဲ ဘယ်လိုကန်မလည်း ... ပွဲစခါနီးမှာ မျက်မမြင် အသင်း ရဲ့ အသင်း အုပ်ချုပ်သူက အသင်းသား ၁၁ ယောက်ကို training ပေးတယ်ပေါ့ဗျာ။
မင်းတို့က မျက်စိမမြင်ကြဘူး။ မျက်စိမမြင်တော့ မင်းတို့က အကြားအာရုံနဲ့ ကန်ကြမယ်။ မင်းတို့နားနဲ့ကန်..။ ဘယ်လိုကန်မလည်း .... မင်းတို့ကန်မယ့် ဂိုးတိုင်မှာ ငါ ခေါင်းလောင်းလေးတွေ ချိတ်ပေးထားမယ်။ ခေါင်းလောင်းလေးတွေ လှုပ်ပေးမယ် အသံကြားတဲ့ဆီကို မင်းတို့ကန်ကြ..။ ဟာ ဆရာ ကျွန်တော်တို့က ဘောလုံးလည်း မမြင်ရဘူးလေ အော် ..အေး ဟုတ်ပေသားဘဲ ငါ ဘောလုံးမှာလည်း ချူလုံးလေးတွေ တပ်ပေးထားမယ်။ ရပြီလား။။ ကျွန်တော်တို့ အချင်းချင်းလည်း မမြင်ရဘူးလေ။ အော် ...ဟုတ်ပေသားဘဲ။။။ကဲ ဒါဆိုရင်လည်း မင်းတို့မြင်ရအောင် ငါ မင်းတို့ ဘောလုံးကန် ဖိနပ်တွေမှာ ချူလုံးလေးတွေ တပ်ပေးထားမယ်။ မင်းတို့ ချူသံကြားတဲ့သူတွေ ဆီကို ဘောလုံးပေးကန်။ ဟုတ်ပြီနော်။ ရပြီလား ...အသံကြားရာ ပေး ပြီးရင် ဂိုးသွင်း အိုကေပြီနော်။ ဟုတ်ပါပြီဆရာ။
ကဲ ကောင်းပြီ...။
အဲ...အဲ့လို ဟိုတစ်ဖက်အသင်းက lecture ပေးနေတာကို ဒီဘက် အရူးအသင်းက Captain ကမြင်ပြီးတော့ အင်း ငါလည်း ငါ့အသင်းသားတွေကို training ပေးဦးမှာ။ သူက အရူးအသင်းေ ခါင်းဆောင်ဆိုတော့ ပိုဂေါက်လို့ Captain တက်ဖြစ်နေတာထင်ပါတယ်။...ဒါနဲ့...ဟိတ် ...တို့ အသင်းသားတွေ... မင်း တို့ အခုဘောလုံးကစားရတော့မယ်နော်။ဟိုကောင်တွေတွေ့လား မျက်မမြင်အသင်းတွေ ..။ဒီကောင်တွေကို မင်းတို့ နိုင်မှာပါကွာ။ အာ သိတယ် ဆရာ။ ကျွန်တော်တို့ နိုင်မှာပါ။ အိုကေ။။.မင်းတို့ ဘယ်လိုလုပ်ရမလည်း သိတယ်မလား အာ သိပါတယ်ဆရာ.။ အေး ဘောလုံးပွဲ နိုင်နေပြီ ဆိုတာ သိတယ် မလား။။ အာ သိပါတယ် ဆရာ။ အိုကေ။ အင်း အရူးတွေ ဆိုတော့လည်း အကုန်သိနေတာဘဲလေ။ သူတို့ကိုလည်း ဘောလုံးကန်မယ့် သူတွေဆိုတော့ ကျွေးမွေးထားတာဆိုတော့ ၀ဖီး တုတ်ခိုင်နေကြတာလေ။ အကုန်ကောင်းတယ် မကောင်းတာက ဦးနှောက်လေးတစ်ခုဘဲ ဖြစ်နေတာဆိုတော့ ကဲ စဉ်းစားသာကြည့်ကြပါတော့။ အဲ့ဒီ့တော့ အသင်း Captain ကထပ်ပြောပါတယ် ..အာ မင်းတို့ကောင်တွေက ဘောလုံးပွဲနိုင်တယ်ဆိုတာက ဂိုးတိုင်ထဲကို ဘောလုံးကို ၀င်အောင်သာ ကစ် နိုင်ပြီ။ အဲဒါကို နိုင်တယ်လို့ခေါ်တာ။။။မင်းတို့ ၁၁ ယောက်ရှိတယ်မလား ၁၁ ယောက်ရှိရင် ၁၁ ဂိုးကစ်ကွာ။ ဟုတ်ပြီနော်။ ဟုတ်ပါပြီဆရာ။ ကဲ အိုကေပြီ ။ ငါပြောချင်တာ ဒါဘဲ။ ဟုတ်ကဲ့။
ကဲ စပါပြီ ဘောလုံးပွဲက ရွှီ ဆိုပြီးစပါပြီ။ ပွဲ စလို့ နှစ်မိနစ်တောင် မကြာလိုက်ပါဘူး။ဘောလုံးပွဲက ပြီးသွားပါပြီ။ အဖြေက ထွက်သွားပါပြီ ။ ၁၁ ဂိုး ၀ ပေါ့။ ဖြစ်ပုံက ဒီလိုပါ။မျက်မမြင်အသင်းက နိုင်သွားတာပါ။ ဒါပေမယ့် မျက်မမြင် အသင်းက တစ်လုံးမှ သွင်းရတာမဟုတ်ဘူး။ အရူးသင်းက ကိုယ့်ဂိုးကိုသာ ပြန်သွင်းနေကြတဲ့အတွက်ကြောင့်ပါ။ ဘယ်လိုကြောင့်လည်းဆိုတော့ အရူးအသင်းခေါင်းဆောင်က သူကိုယ်တိုင်လည်း ကိုယ့်ဂိုးတိုင် သူ့ဂိုးတိုင် ခွဲခြားပြီး မသိဘူး။ ပြီးတော့ သူ့တပည့်တွေကိုလည်း ဘယ်ဂိုးကို သွင်းရမယ်ဆိုတာကို ပြောမထားလိုက်ဘူး။ကဲ အဲ့ဒီ့ကျတော့ ကစ်ချင်တာကစ်ကြတော့တာပေါ့။ပွဲစလို့ ခရာမှုတ်ကတည်းက အရူးအသင်း Captain က စပြီးတော့ ဂိုးလိုက်ရှာတယ် ။ဟောတွေ့ပါပြီ။ ဟင်... ဝေးလိုက်တာ ဟိုဘက်မှာတော့ ရှိပါရဲ့။ ငါတို့ဘက်ကော ရှိလား ဟော တွေ့ပါပြီ။ အံမယ် ခေါင်းလောင်း လေးနဲ့ဟ။ ငါတို့ဘက်မှာလည်း။ကဲဘယ်ရမလည်း နိုင်အောင် သွင်းဦးမှ ဆိုပြီးတော့ သူ့ဘာသာသူ သယ်လာတယ်။ ပြီးတော့ ကိုယ် ဂိုးကို ကစ်ချလိုက်တယ်။ ဟော ဂိုးသမားကလည်း ဟာ တော်လိုက်တာ ။ တစ်ဂိုး ဟော နိုင်ပြီ။ ကဲ နောက်တစ်ယောက် ကစ်ချလိုက်ပြန်ပြီ။ ဒီလိုနဲ့ ကန်ချလိုက်တာ ၁၀ ယောက်ပြီးသွားတော့ နောက်ဆုံး ဂိုးသမားဘဲ ကျန်တော့တယ်။ ဘယ်ရမလည်း သူက သူများတွေလို ဆွဲစရာတောင်မလိုတော့ဘူး။ ဖနောင့်လေးနဲ့ နောက်ကစ် ကစ်ချလိုက်တယ်။ ၁၁ ဂိုး ပွဲကတော့ပြီးသွားပါပြီ။ ကိုင်း...ဘယ့်နှယ့်ရှိစ...။
ဥပဒေသက... မည်သို့ပင်ဖြစ်စေ ဘယ်လိုပင်ဖြစ်စေ မည်သူမျှပင် ဖြစ်စေ မည်သည့် အခြေအနေမှာပင် ဖြစ်စေ အားလုံး မည်သို့ပင် ပြည့်စုံနေသည်ပင်ဖြစ်စေ ဓမ္မ ၊ အဓမ္မ ၊ ၀ိဇ္ဖာ ၊ အ၀ိဇ္ဖာ ၊ မောဟ ၊ အမောဟ ခွဲခြားသိနိုင်စွမ်းသော ပညာဥာဏ် ကန်းကွယ်ရင် ကိုယ့်ဂိုးကို သွင်းတဲ့ ဘ၀ ရောက်သွားနိုင်တယ်တဲ့။ ဒါကို ဥပဒေသ ပေးပါတယ်။
ထိုစာများ ထို အကြောင်းအရာများသည် စင်္ကာပူတွင်ဟော ပြောသော 2009 စာပေမြတ်နိုးသူများ အသင်း ပြုလုပ်သော စာပေဟောပြောပွဲတွင် စာရေးဆရာ ချစ်ဦးညို ပြောသော နောက်ဆုံး ဟောပြောချက်မှ ထုတ်နှုတ်ချက်များဖြစ်ပါသည်။

No comments:

Post a Comment