အဓိကကတော့ Vowel ပေါ့။ ငယ်ငယ်ကသင်ခဲ့ရတာလေးတွေလေ။ A E I O U အပြင် Y လေးတစ်လုံးပါ ထည့်လေ့လာကြရအောင်နော်။
လူတွေ ရဲ့ စိတ်နေ သဘောထားလေးတွေကို အပျင်းပြေလေး လေ့လာကြည့်ရအောင်ပေါ့။ မဟုတ်တော့လည်း ဗဟုသုတပေါ့။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။
A ။ ဆိုတာ တီထွင်ခြင်းသဘော ပင်ကိုယ် ဥာဏ်ကောင်းတဲ့သဘော ကြိုးစားတတ်တဲ့သဘော ၊ အဆုတ်မှာရောဂါဖြစ်စေတတ်တဲ့ သဘောတွေကို ဖော်ပြတတ်တယ်။
E ။ ဆိုတာ စိတ်မခိုင်တဲ့သဘော အတတ်ပညာသင်တဲ့အခါမှာ သင်လွယ် ၊ တတ်လွယ်တဲ့သဘော အပြောင်းအလဲမြန်တဲ့ သဘော ကိုဖော်ပြတတ်တယ်။ ဆီးရောဂါ ဖြစ် တတ်တယ်။ ငွေကြေး လာဘ် ရွှင်တဲ့သဘောကိုလည်းဖော်ပြတတ်တယ်။
I ။ ဆိုတာ တစ်ကိုယ်ရေ တစ်ကာယ နေရမှူကို ဖော်ပြတယ် ။ စိတ်လွတ်လွတ်လပ်လပ် နေတတ်မှုကို ဖော်ပြတယ်။ နှလုံးသားခံစားမှု့ကို ဥိးစားပေးတတ်တယ်။ ၀မ်ဗိုက် ရင်ဘတ်တွေမှာ ဥပါဒ်ပေးတတ်တယ်။
O ။ ဆိုတာ ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့သဘောကို ဖော်ပြတတ်တယ်။ စကားပြောကောင်းတတ်တယ်။ ဘာကိုဘဲလုပ်လုပ် စေ့စေ့စပ်စပ် သေချာစွာ လုပ်တတ်တယ်။ အိမ်ထောင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း စိတ်ညစ်စရာတွေ တော့ ကြုံတွေ့ရတတ်တယ်။
U ။ ဆိုတာ အစဉ်သဖြင့် စိတ်ဟာ ဒွိဟ ဖြစ်တတ်တယ်။ အတွေ့ကြုံများတဲ့ သလောကို လည်း ဖော်ပြတတ်တယ်။ မတော်တဆ ထိခိုက်မှု့ များကိုလည်း ဖော်ပြတယ်။ လည်ချောင်းမှာ ရောဂါ ရတတ်တယ်။
Y ။ ဆိုတာကတော့ ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ ဂန္ဓာရီပညာတွေ လောကီ ပညာတွေကို စိတ်ဝင်စားတတ်တယ်။ အစဉ်သဖြင့် လုပ်ငန်းနှစ်မျိုးဝင် ငွေနှစ်မျိုး ဖြစ်နေတတ်တယ်။။ စိတ်ဝေဒနာ ခံစားရတတ်တယ်။
ကဲ စလေ့လာကြရအောင်..
Chan Myat Mon မှာဆိုရင် A က နှစ်လုံး Y ကတစ်လုံး O ကတစ်လုံး။
ကဲဒါဆိုရင် အနည်းငယ်လေး တွက်ကြည့်ရအောင်
A ကနှစ်လုံးဆိုတော့ သူဟာ တီထွင်တဲ့သဘော တွေ ပင်ကိုယ်ဥာဏ်ကလည်းကောင်းတဲ့အတွက် တော်တော်လေးကို တီထွင်ရတာ တွေကိုစိတ်ဝင်စားလိမ့်မယ်။ Y လေးကလည်းတစ်လုံးပါနေသေးတော့ ထူးထူးဆန်းဆန်းတွေလည်း စိတ်ဝင်စားတတ်ပြန်ပါရော ။ အခုလို မဟုတ်က ဟုတ်က လျောက်ရေးတတ်တာတွေပေါ့။ ဥပမာ လောကီတို့ ဘာတို့ ညာတို့ပေါ့။ O လို့ ဆိုထားပြန်တော့ ဒီကောင်က အနည်းဆုံးတော့ 420 ဖြစ်မယ်ထင်တယ်။ ဝေ့လည်ကြောင်ပတ်လုပ်မယ်။ စကားပြောလေးကလည်း ကောင်းမယ်။ အင်း ဘာလုပ်လုပ် စေ့စေ့ စပ်စပ် လုပ်တတ်တယ်ဆိုတော့ မဆိုးသေးဘူးပေါ့။
ဒါဆိုရင် သူငယ်ချင်းတွေလည်း နားလည်မယ်ထင်ပါတယ်။ အပျင်းပြေလေးပေါ့။ ကိုယ့်သူငယ်ချင်းလေးတွေရဲ့ စိတ်ခံစားမှု့လေးတွေ နေထိုင်တတ်တဲ့ သဘာဝလေးတွေကို လေ့လာကြည့်ကြပေါ့နော်။
အရင်က ကူးထားတဲ့ စာအုပ်လေးကနေ ပြန်ရှာပြန်တင်ပေးလိုက်ပါတယ်။
No comments:
Post a Comment