Saturday, August 13, 2011

into to Cisco Network


Cisco Works နဲ့ မိတ်ဆက်ပေးပါရစေ။

Cisco Works ဆိုတာကတော့ Cisco ရဲ့ Product တစ်ခုဖြစ်ပြီး Cisco Devices တွေကို Maintaining, Monitoring နဲ့ Troubleshooting အပိုင်းတို့ကို ပြုလုပ်ပေးပါတယ်။

ပုံမှန်အားဖြင့် ၎င်း Cisco Works ဆိုတာဟာ Application ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း Cisco Works ကို အဓိက အသုံးပြု သည်။ LAN Management Solution အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းကို Cisco (LMS) လို့လည်း ခေါ်ဝေါ်နိုင်ကြပါ တယ်။ ၎င်း Cisco Works ဟာ Cisco မှ ထုတ်လုပ်ပေးထားတဲ့ Cisco Devices တွေနှင့်သာ တွဲဖက်အသုံးပြုနိုင်ပါတယ်။

ဒီတော့ ၎င်း Devices များကတော့ Cisco AVVID (Architecture for Voice, Video and Integrated Data) တွေပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Cisco မှနေပြီး Voice နှင့်ပတ်သက်သော Device များ၊ Video နှင့်ပတ်သက်သော Device များ၊ Data နှင့်ပတ်သက်သော Cisco Device များကို ထိန်းချုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ကဲ...ဒီတော့ ၎င်း Cisco Works LMS အတွင်းမှာပါဝင်တဲ့ Applications တွေကို လေ့လာကြည့်ကြတာပေါ့နော်။

1. Cisco Works Campus Manager

၎င်းကတော့ Layer 2 Devices နဲ့ တွဲဖက်ပြီး အလုပ်လုပ်ပါတယ်။ ၎င်းရဲ့အတွင်းထဲမှာ Switch နဲ့ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို Configuration ပြုလုပ်နိုင်ပါတယ်။

2. Cisco Works Device Fault Manager

၎င်းကတော့ သင့်ရဲ့ Network အတွင်းထဲမှာ Cisco Devices တွေ Fail ဖြစ်/မဖြစ်ကို စောင့်ကြည့်ပေးနိုင်ပါတယ်။

3. 2 Genius Real-Time Monitor

၎င်းကတော့ သင့်ရဲ့ Network ကို Real-Time Monitoring, Troubleshooting နှင့် Maintaining တို့ကို ပြုလုပ်ပေးပါတယ်။ ၎င်းရဲ့အတွင်းမှာ Device များ၏ Link နှင့် တစ်ခြားသော Network များကိုလည်း စစ်ဆေးပေးပါတယ်။

4. Cisco Works Resource Manager Essentials (RME)

၎င်းကတော့ Cisco Devices တွေကို Management ပြုလုပ်ဖို့ရန်အတွက်ပဲ ဖြစ်ပါတယ်။ ၎င်းရဲ့အတွင်းထဲမှာ Cisco Device များကို Management ပြုလုပ်ခြင်း၊ Network Configuration များနှင့် Device များ၏ Software များကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။

5. Cisco View

၎င်းကတော့ Web-Based Tools ဖြစ်ပြီး၊ Cisco Device တွေကို အချိန်နှင့်တစ်ပြေးညီ Graphically ပုံစံနှင့် ပြသပေးပါတယ်။

6. Cisco Works Management Servers

၎င်းကတော့ Cisco Works Server အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်စေဖို့ရန်အတွက် စီမံဖန်တီးပေးပါတယ်။ ဒါ့အပြင် တစ်ခြားသော Third-Part Applications များနှင့်လည်း ချိတ်ဆက်ပေးနိုင်ပါတယ်။

Credit : ဆရာ ဦးဇော်လင်း (Youth)

No comments:

Post a Comment